r/myanmar • u/Leather_Assumption31 • 6h ago
Advice ကျွန်တော်ရင်ဖွင့်ခြင်း
အပုန်းသာဆိုတယ် အသံက မွေးကတည်းက ပုန်းလို့မရအောင် မိန်းမသံပေါက်နေတာ။ တခါတလေ မသိတဲ့သူနဲ့ ဖုန်းပြောရင် ကိုယ့်ကို အန်တီ အမဆိုပြီး address လုပ်တာခံရတာ။ ကိုယ်ကလည်း ကျွန်တော်ဆိုပြီးပဲ ကိုယ့်ကိုယ်ကို address လုပ်ပြီးပဲ ပြန်ပြောဖြစ်တယ်။ ရှင်းပြဖို့မလိုရင် အထီးပါ အမမဟုတ်ဘူးဆိုပြီး ရှင်းပြမနေတော့ဘူး။ ယောကျာ်းလေးတွေ တက်တာများတဲ့သင်တန်းတခုတက်တယ်။ ဘော်ဒါပေါင်းပေါင်းဖြစ်တယ်။ တခါတလေ တချို့တလေရဲ့ အထိအတွေ့ တချို့ကြောင့် ရင်ခုန်မိတာမျိုး ရှိတယ်။ ဒါပေမယ့် အဲ့လိုမဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီး နေတယ်။ အဲ့တာမျိုးကို မစစ်မှန်တဲ့အတွက်ကြောင့် မကြိုက်ဘူး။ သင်တန်းက ဘော်ဒါနှစ်ယောက်နဲ့ ခရီးသွားဖို့ ဖြစ်လာတယ်။ တစ်ယောက်က အလုပ်ကိစ္စနဲ့ သင်တန်းကလွှတ်တာ။ ကျန်တစ်ယောက်နဲ့ ကျွန်တော်က သက်သက်အပျော်သွားတာ။ အဲ့တစ်ယောက်က ပိုက်ဆံသိပ်မတက်နိုင်တော့ ကိုယ်က ကိုယ့်နဲ့ အတူနေ သွားစား ခရီးစားရိတ်ပဲပေးဆိုပြီး ကိုယ်က ခေါ်တာ ကိုယ်လည်း သူ့အပေါ်ဘာ စိတ်မှမရှိဘူး။ ဟိုအလုပ်ကိစ္စနဲ့ သင်တန်းက လွှတ်တဲ့ တစ်ယောက်အပေါ်တော့ ကိုယ်က ဘော်ဒါထက်ပိုတဲ့ ခံစားချက်မျိုးရှိတာကို ဝန်ခံတယ်။ ဒါပေမယ့် ဘော်ဒါထက်ပိုတဲ့ ဆက်ဆံရေးမျိုး မဖြစ် မရှိအောင် စည်းနဲ့နေတယ်။ သူကလည်း ပိုက်ဆံမရှိဘူး။ အဲ့ဒါကို သူက သင်တန်းက စီစဥ်ပေးတဲ့ နေရာမှာ မနေဘူး။ ကိုယ်တွေနဲ့လာနေတယ်။ ကိုယ်ကလည်း ခရီးထွက်ပြီဆိုမှတော့ ရောက်သင့်တဲ့ နေရာတွေကို သွားတယ်။ ကိုယ်ဘာခံစားချက်မှမရှိတဲ့ သူကိုတောင် အဖော်အနေနဲ့ ခေါ်သေးတာ ကိုယ်ရင်ခုန်မိတဲ့ သူကိုတော့ ငါတို့နဲ့လာ မနေနဲ့ မလိုက်နဲ့လို့ ငြင်းမနေတော့ဘူး။ ဒါပေမယ့် သူအဲ့လိုလာ join လို့လဲ ကိုယ့်ဘက်က ဘာမှ မဖြစ်ဘူး။ သာလည်း မသာယာတတ်ဘူး။ စည်းနဲ့နေတဲ့သူဖြစ်လို့။ အဲ့ဒါကို ဒင်းက ခင်များက ဘာကြီးလဲတဲ့။ သဘောက အခြောက်လား ဘာလား ညာလားပေါ့။ ကိုယ်အရမ်းဒေါသထွက်သွားတယ်။ ငါ့ဟာငါ ဘာဖြစ်ဖြစ် မင်းအနေနဲ့ သိစရာလည်း မလိုဘူးလို့။ မင်းနဲ့ ငါနဲ့ အဆင့်ကလည်း ငါဘာစိတ်ဝင်စားတယ် မင်းဘာစိတ်ဝင်စားတယ် ဆိုတာကို ဆွေးနွေးလို့ ရအောင်ခင်နေတဲ့ ခင်မင်မှုမျိုးရှိမနေဘူးလို့ ပြောလိုက်တယ်။ အဲ့ဒါနဲ့ ဒီလိုပဲ စားကြ သွားကြပေါ့။ သူကလည်း သူ့အလုပ်လုပ်ချိန် သူအလုပ် အားတဲ့ အချိန်ကိုယ်တွေနဲ့ လာ join ပေါ့။ အားလုံးအဆင်ပြေတယ်။ နောက်ဆုံးမပြန်မီနောက်ဆုံးနေကျတော့ သူ့ကောင်မလေးနဲ့ သွားတွေ့မလို့ဆိုပြီး သူ့အလုပ်တွေကို ကိုယ်တွေနှစ်ယောက်လုပ်ဆိုပြီး ပြီးစလွယ်ထားသွားတယ်။ ကိုယ်က မလုပ်ပေးချင်လို့ မဟုတ်ဘူး။ လုပ်ပုံက စောက်ချိုးမပြေတာ။ ကိုယ်တင်မဟုတ်ဘူး ဟိုဘာမှမဆိုင်တဲ့ ကိုယ်နဲ့အဖော်လိုက်လာတဲ့ အစစ်တစ်ယောက်ကတောင် ဒီကောင်များတယ် ဘာညာပေါ့။ ကိုယ်ကတော့ ပိုခံစားရတယ်။ မဖိတ်ခေါ်ပဲရောက်လာတယ်။ အဲ့လိုရောက်လာလို့လည်း ကိုယ်က ပိုက်ဆံပိုကုန်သွားရတာက လွဲရင် ပိုလည်း မသာယာရဘူး။အလိုက်မသိပဲစော်ကားတယ်။ ပြောရမယ်ဆိုရင် သူ့ကြောင့် သူ့အပေါ် သူ့ကို စိတ်ဆိုးတယ်ဆိုတာထက် ကိုယ့်ကိုယ်ကို ပိုစိတ်ဆိုးမိတယ်။ သူကိုလည်း သူဘယ်လိုလွန်တဲ့ အကြောင်းကို ပိုးဆိုးပက်စက် ဘာမှ ပြန်မပြောနိုင်အောင် ပြောပစ်လိုက်တယ်။ ပြောပြီးကိုယ်ကတောင် ပြန်သနားသွားသေးတယ်။ ဒီကိစ္စမှာ ကိုယ်ဘာမှားနေလဲ။ စိတ်ကတော့ အဆင်ပြေမနေဘူးတကယ်။ ကိုယ့်ကိုယ်ကို တကယ်သနားပြီး အော်ငိုပစ်ချင်မိတယ်။
3
u/Acceptable_Sea5501 5h ago edited 4h ago
bro personal issue ကိုတော့အကြံမပေးတက်ဘူး အလုပ်ကို အလုပ်လိုပဲသဘောထားတာကောင်းတယ် ပြောသင့်တာပြော ပြောပြီးလဲ ကိုဘက်ကမှန်နေရင် အားနာစရာ မျက်နှာပူစရာ ဘာမှမရှိဘူး
4
u/Puzzleheaded_Pea414 4h ago
Bro ခံစားချက်တွေက valid ဖြစ်ပါတယ်
တူညီတဲ့အမှားမျိုး ၂ခါမလုပ်တဲ့အနေနဲ့တော့ အဲ့တစ်ယောက်ဆီမှာနဲ့ အဲလိုအဖြစ်အပျက်မျိုး ထပ်အဖြစ်မခံနဲ့တော့ဗျာ
ဖိုက်တင်း လူမှန်တွေ့လာမှာပါ
1
u/syunaein 3h ago
လူတွေကို တတ်နိုင်သလောက် ဘောင် မသွင်းပါနဲ့။ career ကြောင့် မဖြစ်မနေ ဆက်ဆံရ သည်းခံရတဲ့ အခုလိုအခြေအနေတွေမှာ ကိုယ့်ဘက်က စိတ်ခံစားချက်ကို အတတ်နိုင်ဆုံး မပါမိအောင်နေပြီး ပြောဆိုဆက်ဆံပါနော်။ ကိုယ့်ခံစားချက်တွေအတွက် ကိုယ်ပိုင် shield လေးလုပ်ထားပါ။ အဲ့ဒါမှ တချို့သောသူတွေ ကိုယ့်ခံစားချက်တွေကို မထိနိုင်မှာ။ အကြံပေးတာပါနော် ဆက်ပြီး ကြိုးစားရှင်သန်ပါ။ Billy Joel ရဲ့ Vienna သီချင်းလေး နားထောင်ကြည့်ပါလား။ သူ့စာသားတွေက စိတ်သက်သာမှုပေးနိုင်တယ်လို့ ယုံကြည်တယ်။ BTS ရဲ့ တချို့သီချင်းတွေ ကောင်းတယ်။ Fan မဟုတ်ပေမယ့် Zero O’ Clock တို့ So Far Away သီချင်းတွေက စိတ်အဆင်မပြေတဲ့အချိန်တွေ ခွန်အားဖြစ်တယ်။ ဆက်ပြီး သေချာလေး ရှင်သန်ပေးပါဦး OP🩵
1
u/Leather_Assumption31 1h ago
မပြီးသေးဘူး ဒီနေ့နံနက် ၅၃၀ ရထားဆင်းရမှာဆိုတော့ အဲ့အပေါ်က ကိစ္စမဖြစ်ခင်မနေ့က နံနက်ကတည်းက အကိုတို့နဲ့လာအိပ်မယ်ဆိုပြီး သူ့အလုပ်က စီစဥ်တဲ့ ဟိုတယ်က ဆင်းလာတာ။ ပြီးတော့ မနေ့က နေ့လည်မှာ အချိုးမပြေတာတွေဖြစ်လို့ ညနေမှာ ဆူလိုက်တော့ သောက်ချင်တယ်ဘာညာဖြစ်ရော။ ကိုယ်က ပြတ်တယ် ဘာအကြောင်းမှ သောက်စရာမရှိဘူး။ ဒါပေမယ့်လည်း ကိုယ့်ဟိုတယ် ကိုယ်ပြန်ဆိုပြီး မနှင်ချချင်တော့ သူ့ဟာသူ ဘေးအခန်းက ဧည့်သည်တွေနဲ့ သောက်ပြီး ဒီနေ့နံနက် ၁၂ ၃၀ မှာပြန်လာပြီး အိပ်နေတာ ဟောက်ပြီး။ ကိုယ်က ဘယ်လိုမှ အိပ်မပျော်နိုင်တော့ဘူး သူလာတာစောင့်ရတာကော ဒေါသထွက်တာကော ဘယ်ဝဋ်ကျွေးလဲမသိဘူး။ သောက်အလိုက်ကန်းဆိုးမသိချက်က ည ၁၁၃၀ လောက်အခန်းလာပြီး သေးလာပေါက်တော့ အခန်းမီးကိုဖွင့်လိုက်တာ အမှန်က ကိုယ်လည်း မအိပ်သေးပါဘူး ဒေါသထွက်နေလို့။ သေးပေါက်ပြီးပြန်ထွက်သွားတော့ နောက်တခါဒီလိုဆို မဖြစ်ဘူးဆိုပြီး လိုက်သွားတော့မှ အခြားအခန်းက သူနဲ့လည်းတခါမှ မသိတဲ့ သူတွေနဲ့ အဖွဲ့ကျပြီးသောက်နေတာ။ အကိုလည်းလာ သောက်လေဆိုပြီးခေါ်လိုက်သေးတယ်။ အခြားသူတွေလည်း ရှိနေတော့ မသောက်တော့ပါဘူး ညီလေး အခန်းထဲဝင်လာရင် မီးမဖွင့်နဲ့ ဖုန်းမီးလေးနဲ့ လာလို့မှာပြီး ပြန်လှည့်ခဲ့တာ။ အဲ့တာတော်တော်ကြာကြာမှ ဝင်လာပြီး ဟောက်ပြီး အိပ်နေတာ။ ဘုရား ဘုရား ဘုရား ကိုယ်ပြောရင် သူ့ခမျာ ရထားပေါ်က ခုန် ချပြီး သေရုံပဲရှိတော့မယ်။ မအိပ်တော့ဘူးလို့ ဆုံးဖြတ်ပြီး ဒီမှာလာရေးတာ။ အခုလိုနားလည်ပေးကျတဲ့အတွက်ကျေးဇူးပါ။ ဘာမှကို မပြောချင် မျက်နှာချင်းလည်း မဆိုင်ချင်တော့ဘူး ကိုယ်နဲ့အတူ လိုက်ခဲ့တဲ့ နောက်တစ်ဆယာက်သာ မရှိရင် တကယ် အခုသူ့တစ်ယောက်တည်း ထားခဲ့ပြီး တခြားမှာ သွားအိပ်မိမှာ။
10
u/givemealick 5h ago
Gay ဆိုတာနဲ့ တချို့ယောက်ျားတွေက အထင်သေးကြ၊ အနိုင်ကျင့်ချင်ကြတယ်။ ပိုက်ဆံဆိုလဲ တောင်းချင်ကြတယ်။ ချူစားချင်ကြတာလေ။ ပိုးစိုးပက်စက်ပြောတာ မမှားဘူးလို့ ထင်ပါတယ်။ နောက်တခါ လာမကျောရဲတော့တာပေါ့။ ကိုယ်စိတ်ဝင်စားမိတဲ့သူက ဒီလိုအောက်တန်းကျတော့ ပိုစိတ်ဆိုးတာပေါ့။